Meta

မြန်မာနိုင်ငံရှိ ကြိုတင်ညှိနှိုင်းထားသော မူမမှန်သည့်အပြုအမူများနှင့် ဆက်နွယ်နေသည့် အကြောင်းအရာများကို ထပ်မံဖယ်ရှားခြင်း

Facebook မှထပ်မံဖယ်ရှားမှုများကို ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ် နေ့လည် ၅ နာရီတွင် ရေးသားဖော်ပြခြင်း။

ယနေ့တွင် ကျွန်ုပ်တို့သည် Facebook ပေါ်တွင် ကြိုတင်ညှိနှိုင်းထားသော မူမမှန်သည့် အပြုအမူမျိုးနှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ Facebook Page ၄၂၅ ခု၊ Facebook Group ၁၇ ခု၊ Facebook အကောင့် ၁၃၅ ခု နှင့် Instagram အကောင့် ၁၅ ခုတို့ကို ဖယ်ရှားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့ ဆောင်ရွက်လျက်ရှိသည့် ယခုကဲ့သို့သော ကြိုတင်ညှိနှိုင်းထားသော မူမမှန်သည့်  အကောင့်များကို စစ်ဆေးရာတွင် ၎င်းတို့သည် လွတ်လပ်သောဖျော်ဖြေရေး၊ အလှအပရေးရာနှင့်  သတင်းအချက်အလက်ဆိုင်ရာ စာမျက်နှာများဟု  ထင်ရသော်လည်း မြန်မာတပ်မတော်နှင့် ချိတ်ဆက်မှုရှိနေသည်ကို တွေရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ သြဂုတ်လ ၌ ယင်းအကြောင်းအရင်းကြောင့် ဖယ်ရှားခဲ့သည့် စာမျက်နှာများနှင့်လည်း အချိတ်အဆက်ရှိနေသည်ကိုလည်း  တွေ့ရှိခဲ့ပါသည်။ ဤကဲ့သို့သော အပြုအမူများကို Facebook တွင် misrepresentation policy (မှားယွင်းစွာတင်ပြသော မူဝါဒ) ဖြင့်  မကိုက်ညီသောကြောင့် ခွင့်ပြုခြင်းမရှိပေ။ ခွင့်မပြုရခြင်းအကြောင်းမှာ လူများနှင့်  အဖွဲ့အစည်းများကို အကောင့်ကွန်ရက်များ ဖန်တီးပြီး သူတို့သည် ဘယ်သူဘယ်ဝါဖြစ်ကြောင်း၊   ဘာလုပ်နေသည်ဟူသော အခြားသူများအတွက် ထင်ယောင်ထင်မှားဖြစ်စေသော အပြုအမူများကို  လုပ်ခွင့်မပြုလိုသောကြောင့် ဖြစ်သည်။

  • Facebook နှင့် Instagram ရှိ Page ၊ Group နှင့် အကောင့်များ – Facebook Pages ၄၂၅ ခု၊ Facebook Group ၁၇ ခု၊ Facebook အကောင့် ၁၃၅ ခု နှင့် Instagram အကောင့် ၁၅ ခု
  • Follower များ –
    • ၎င်း Facebook Page များထဲမှ အနည်းဆုံးတစ်ခုကို follow လုပ်ထားသူ ခန့်မှန်းချေ ၂.၅ သန်းဝန်းကျင် ရှိသည်။
    • ၎င်း Facebook Group များထဲမှ အနည်းဆုံးတစ်ခုတွင် ပါဝင်ထားသူ ခန့်မှန်းချေ ၆၄၀၀ ဝန်းကျင် ရှိသည်။
    • ၎င်း Instagram အကောင့်များထဲမှ အနည်းဆုံးတစ်ခုကို follow လုပ်ထားသူ ခန့်မှန်းချေ ၁၃၀၀ ဝန်းကျင် ရှိသည်။
  • Follower အများဆုံးသော စာမျက်နှာ အချို့မှာ –
    • Down for Anything ဘာလာလာဝုန်း
    • Let’s Laugh Casually ပေါ့ပေါ့ပါးပါးရယ်ကြမယ်
    • We Love Myanmar
    • Knowledge
    • All About Myanmar မြန်မာအွန်လိုင်းသတင်းစုံ

ထို Page များကို ဖယ်ရှားရသည့် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်သည် ၎င်းတို့ Facebook တွင် ဝေမျှသော အကြောင်းအရာထက် ၎င်းတို့၏ အပြုအမူကြောင့်သာဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့၏ စုံစမ်းစစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်သည့်အပြင် ရှာဖွေပြီးတွေ့ရှိသော ချိုးဖောက်မှုများနှင့် ဖယ်ရှားမှုများကိုလည်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါသည်။

Facebook ပေါ်မှထပ်မံဖယ်ရှားမှုများကို အောက်တိုဘာလ ၁၅ ရက်၊ ၂၀၁၈ ခုနှစ် နံနက် ၈နာရီ ၃၇ မိနစ်တွင် ရေးသားဖော်ပြခြင်း။

ယနေ့တွင် မြန်မာနိုင်ငံတွင် Facebook စာမျက်နှာ ၁၃ ခုနှင့် အကောင့် ၁၀ ခုတို့ကို ကြိုတင်ညှိနှိုင်းထားသော မူမမှန်သည့် ပြုမူပုံများနှင့်ပတ်သက်နေသောကြောင့်  Facebook ပေါ်မှ ဖယ်ရှားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကျွန်ုပ်တို့ဆောင်ရွက်လျက်ရှိသည့် ယခုကဲ့သို့ကြိုတင်ညှိနှိုင်းထားသော မူမမှန်သည့် အကောင့်များကိုစစ်ဆေးရာတွင် ၎င်းတို့သည်လွတ်လပ်သောဖျော်ဖြေရေး၊ အလှအပရေးရာနှင့် သတင်းအချက်အလက်ဆိုင်ရာ စာမျက်နှာများဟု ထင်ရသော်လည်း  မြန်မာတပ်မတော်နှင့် ချိတ်ဆက်မှုရှိနေသည်ကို တွေရှိခဲ့ပါသည်။ ဤကဲ့သို့သော အပြုအမူများကို Facebook တွင် misrepresentation policy (မှားယွင်းစွာတင်ပြသော မူဝါဒ) ဖြင့် မကိုက်ညီသောကြောင့် ခွင့်ပြုခြင်းမရှိပေ။ ခွင့်မပြုရခြင်းအကြောင်းမှာ လူများနှင့်အဖွဲ့အစည်းများကို အကောင့်ကွန်ရက်များ ဖန်တီးပြီး သူတို့သည် ဘယ်သူဘယ်ဝါ၊  ဘာလုပ်နေသည်ဟူသော အခြားသူများအတွက် ထင်ယောင်ထင်မှားဖြစ်စေသော အပြုအမူများကို လုပ်ခွင့်မပြုသောကြောင့်ဖြစ်သည်။

  • Facebook ပေါ်တွင် တည်ရှိနေသော – စာမျက်နှာ ၁၃ ခု နှင့် အကောင့် ၁၀ ခု
  • Follow လုပ်သူများ – စာမျက်နှာ ၁၃ ခုထဲမှ အနည်းဆုံးတစ်ခုကို follow လုပ်ထားသူ ၁.၃၅ သန်းဝန်းကျင် ရှိသည်။
  • Follower အများဆုံးသော စာမျက်နှာ အချို့မှာ Beauty and Classic ၊ ဆရာမလေးများ (Young Female Teachers) ၊ စစ်သားဓာတ်ပုံများ စုစည်းမှု (Collection of Soldier’s Photos) ၊ မိုးနတ်မင်း (Lord of Heaven) စသည်တို့ ဖြစ်ပါသည်။

အောင်မြင်ကျော်ကြားသူများနှင့် ဖျော်ဖြေရေးအကောင့်များကိုအသုံးပြုကာ  စစ်တပ်ဝါဒဖြန့်ဖြူးနေသည်ဟူသော The New York Times မှ တွေ့ရှိချက်ကို ဖြန့်ဝေပေးသည့်အတွက် ကျွန်ုပ်တို့ကျေးဇူးတင်ရှိပါသည်။ အဆိုပါအကူအညီကြောင့်ယခုကဲ့သို့စုံစမ်းဖော်ထုတ်မှုကို  ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆိုးရွားသည့် အကြောင်းအရာများကို ရှာဖွေဖယ်ရှားခြင်း၊ ဆိုးရွားသော အပြုအမူများနှင့် လူပုဂ္ဂိုလ်များကိုဖယ်ရှားခြင်းဟာ ကျွန်ုပ်တို့လုပ်ဆောင်နေသည့် အလုပ်များထဲမှ အင်မတန်အရေးပါသော ကဏ္ဍမှပါဝင်ပါသည်။ ကျွန်ုပ်တို့၏လူမှုကွန်ရက်ကို အသုံးပြုသူများ အလွဲသုံးစားပြုလုပ်ဖို့ ပိုမိုခက်ခဲလာစေရန်နှင့်   အလွဲသုံးစားပြုလုပ်မှုများကိုလည်း ဆက်လက်ရှာဖွေဖော်ထုတ်ကာ အရေးယူသွားမည်ဖြစ်ပါသည်။



To help personalize content, tailor and measure ads, and provide a safer experience, we use cookies. By clicking or navigating the site, you agree to allow our collection of information on and off Facebook through cookies. Learn more, including about available controls: Cookie Policy