Meta

မြန်မာနိုင်ငံရှိ အန္တရာယ်ရှိ သောအဖွဲ့အစည်းများကို Facebook ပေါ်မှပိတ်ပင်တားမြစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း

လွန်ခဲ့သောနှစ်တွင် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ Facebook ပေါ်မှ မကောင်းမှုဆောင်ရွက်သူများနှင့် မကောင်းသောအ‌ကြောင်းအရာများကို ဆက်တိုက်အရေးယူခဲ့ကြပြီးဖြစ်သည်။  မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော တိုင်းရင်းသားအကြမ်းဖက်မှုများသည်  ကြောက်မက်ဖွယ်ဖြစ်ပြီး ကျွန်တော်တို့သည် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို မုန်းတီးမှုဖြန့်နှံ့ခြင်း၊ အကြမ်းဖက်မှုများလှုံ့ဆော်ခြင်း၊ သို့မဟုတ် နယ်ပယ် အသီးသီးတွင် အခြေအနေများတင်းမာလာအောင် ဆောင်ရွက်ခြင်းများအတွက် အသုံးမပြုစေလိုပါ။

ဤပြဿနာသည် ရှုထောင့်မျိုးစုံရှိသည့်အတိုင်း ကျွန်ုပ်တို့၏ဖြေရှင်းရန် ကြိုးစားမှုသည်လည်း ထောင့်မျိုးစုံရှိသည်။ ကျွန်ုပ်တို့၏ နည်းဗျူဟာများတွင် အကောင့်အတုများ ဖော်ထုတ်ဖယ်ရှားခြင်း၊ မကောင်းမှု ဆောင်ရွက်သူများအား ဖော်ထုတ်ဖယ်ရှားခြင်း၊ ပိုမိုကောင်းမွန်သော နည်းပညာများနှင့် tools များတည်ဆောက်ခြင်း၊ ကျွန်ုပ်တို့၏မူဝါဒများကို အဆင့်မြှင့်တင်ခြင်း၊  ပိုမိုကောင်းမွန်သော မကောင်းမှုကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်း နှင့် နယ်ပယ်အသီးသီးတွင် မိတ်ဖက်များနှင့် စီအစဉ်များကိုတည်ဆောက်ရန် တို့ပါဝင်သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အ‌ခြင်းအရာများကို တင်ပြချက်များနှင့်  ပုံမှန်အသိပေးခြင်းများကို  လုပ်ဆောင်ခဲ့ပါသည်။ ၎င်းတို့မှာ မည်သူမည်ဝါဖြစ်ကြောင်း အထင်လွဲမှုဖြစ်စေပြီး အထင်လွဲမှားစေသာလုပ်ရပ်များကို ဆောင်ရွက်ခဲ့သည့် အခြေအနေရပ်သုံးခုကို ဖယ်ရှားခဲ့ခြင်းမြန်မာ့စစ်တပ်အရာရှိများကိုပိတ်ပင်ခြင်း ၊ အမုန်းပွားမှုနှင့် သတင်းမှားများကို တားဆီးခြင်းနှင့်ပတ်သက်သော  ကျွန်ုပ်တို့ ဆောင်ရွက်ချက် update များ၊ ကျွန်ုပ်တို့၌ တာဝန်ရှိသော မြန်မာနိုင်ငံရှိလူ့အခွင့်အရေး  သက်ရောက်မှုဆန်းစစ်ခြင်း နှင့် ပတ်သက်သော ရှာဖွေတွေ့ရှိချက်များ စသည်တို့ကို လွန်ခဲ့သည့် သြဂုတ်လက စတင်ပြီး လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။

ယနေ့မှာ ကျွနု်ပ်တို့၏ မူဝါဒနှင့်ပတ်သက်ပြီး အရေးယူမှုတွေ ပိုမိုလုပ်ဆောင်နေပါသည်။ ထို့‌ကြောင့်  ကျွန်ုပ်တို့၏  မူဝါဒနှင့် ငြိစွန်းနေသောအဖွဲ့အစည်းများဖြစ်သည့် ရက္ခိုင့်တပ်မတော်၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့အစည်းများကိုပါ ထပ်မံ၍ ပိတ်ပင်ထားပါသည်။ ထိုလက်နက်ကိုင် အဖွဲ့အစည်းများကို Facebook မှ ပိတ်ပင်ခဲ့ပြီး ၎င်းတို့နှင့်သက်ဆိုင်သော အားပေးမှုများ၊  ထောက်ခံမှုများ  နှင့် ကိုယ်စားပြုခြင်းများကို သိသိချင်းဖယ်ရှားမည် ဖြစ်သည်။

အော့ဖ်လိုင်းအန္တရာယ်ကို တားဆီးကာကွယ်ရန်အတွက် ကျွနု်ပ်တို့သည်အကြမ်းဖက်သူများဟု အမည်ခံထားသူများ၊ အကြမ်းဖက်ခြင်းများတွင် ပါဝင်လှုပ်ရှားသူများစသည့် အကြမ်းဖက်မှု၊ စနစ်တကျစီစဉ်ထားသော မုန်းတီးရေး၊ လူအစုအပုံလိုက်သတ်မှုနှင့် ကွင်းဆက်လူသတ်မှု၊ လူကုန်ကူးမှု၊ အကွက်ချစီစဉ်ထားသော အကြမ်းဖက်မှု (သို့) ရာဇဝတ်မှု စသည်တို့၌ ပါဝင်သူများကို Facebook ပေါ်မှ ဖယ်ရှားပါသည်။ ၎င်းအဖွဲ့အစည်းများသည် မြန်မာနိုင်ငံအတွင်း၌ အကြမ်းဖက်မှုများ၌ ပါဝင်နေကြပြီး အများပြည်သူကို  အန္တရာယ်ပြုတိုက်ခိုက်ခြင်းများအတွက် တရားခံများဖြစ်ကြောင်း အထောက်ထားများကြောင့် ၎င်းအဖွဲ့အစည်းများကို ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုပြီး နယ်ပယ်အသီးသီးတွင် အခြေအနေများ ပိုမိုတင်းမာလာအောင်  ဆောင်ရွက်ခြင်းများကို တားမြစ်ပိတ်ပင်လိုသည်။

ကျွနု်ပ်တို့သည် မည်သူတစ်ဦးတစ်ယောက်ကိုမှ Facebook ကိုသုံးပြီး အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ အားပေးအားမြှောက်လုပ်ခြင်းများကို မလိုလားပါ။ ထို့ကြောင့် ကျွနု်ပ်တို့သည် အစိုးရ နှင့် အစိုးရ အဖွဲ့အစည်းများက ကျူးလွန်သည့် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသော မူဝါဒများကို အမြဲဆန်းစစ်ပြီး သုံးသက်လျက်ရှိပါသည်။

ကျွနု်ပ်တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် တိုင်းရင်းသားအကြမ်းဖက်မှုများ၏ အရင်းမြစ်သည် လွန်စွာပင်ရှုပ်ထွေးကြောင်း နှင့် လူမှုကွန်ရက် ကုမ္ပဏီတစ်ခုက ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း သိနားလည်ထားပါသည်။ သို့သော်လည်း လှုံ့ဆော်မှုများနှင့် အမုန်းတရားများကို တက်နိုင်သမျှ ကန့်သတ်ကာ လက်ရှိရှိနေသော ပြင်းထန်သည့်ပဋိပက္ခများကို ပိုမိုမဆိုးရွားလာအောင် အကောင်းဆုံး  ကြိုးစားဆောင်ရွက်သွားလိုပါသည်။



To help personalize content, tailor and measure ads, and provide a safer experience, we use cookies. By clicking or navigating the site, you agree to allow our collection of information on and off Facebook through cookies. Learn more, including about available controls: Cookie Policy