Meta

မြန်မာ့တပ်မတော်အရာရှိများကို Facebook မှဖယ်ရှားခြင်း

မြန်မာနိုင်ငံရှိ လူမျိုးရေးအဓိကရုဏ်းသည် အလွန်ပင်ဆိုးရွားလျက်ရှိပါသည်။ ယခုလ အစောပိုင်း၌ပင် Facebook တွင်ရှိသည့် သတင်းအမှားနှင့် အမုန်းတရားပြန့်ပွားမှုကို ကာကွယ်ရန်  ကျွန်မတို့လျှောက်လှမ်းနေသော ခြေလှမ်းများ၏နောက်ဆက်တွဲ အချက်အလက်များကို ဝေမျှခဲ့ပါသည်။ ကျွန်မတို့သည် တုံ့ပြန်ရာတွင် ကြန့်ကြာနေခဲ့သော်လည်း ယခုအခါတွင်  အမုန်းစကားကို ရှာဖွေဖော်ထုတ်ရန်  ပိုမိုတိုးတက်ကောင်းမွန်သော  နည်းပညာများ၊  တိုင်ကြားသည့် Tool များကို အဆင့်မြှင့်တင်ရန် နှင့် အကြောင်းအရာများကို  ပြန်လည်ဆန်းစစ်ရန် လူဦးရေထပ်မံတိုးပွား ကာ လုပ်ဆောင်လျက်ရှိပါသည်။

ယနေ့တွင် ကျွန်မတို့သည် မြန်မာနိုင်ငံအတွက် အရေးယူဆောင်ရွက်မှုများကို  ပိုမိုလုပ်ဆောင်လျက် ရှိပါသည်။ ၎င်းတွင် Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် ၁ ခု နှင့် လူပေါင်း ၁၂ မီလျီယံနီးပါး follow ထားသော Facebook Page ၅၂ ခု ကိုဖယ်ရှားလိုက်ပြီး ဖြစ်ပါသည်။ ကျွန်မတို့သည် ယခုဖယ်ရှားလိုက်သော အကောင့်များနှင့် Pages များမှ သတင်းအချက်အလက်ဒေတာများကို ထိန်းသိမ်းထားလျက်ရှိပါသည်။

အထူးသဖြင့် မြန်မာ့ တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြားကွန်ရက် နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် အပါအဝင် အကောင့် (၂၀) ခုနှင့် အဖွဲ့အစည်းများကို  မြန်မာနိုင်ငံ၏ Facebook မှ တားမြစ်ပိတ်ပင်ထားပါသည်။ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များနှင့်  မြန်မာနိုင်ငံနှင့်ပတ်သက်သော UN Human Rights Council-authorized Fact-Finding Mission ၏ မကြာသေးမီကထုတ်ပြန်လိုက်သော ပြန်ကြားချက်တွင် ထိုသူများကြောင့် နိုင်ငံအတွင်းတွင်  ပြင်းထန်သည် လူ့အခွင့်အရေးချိုးဖောက်များ ကျူးလွန်နေသည်ဟု သက်သေအထောက်အထား များကို ရှာဖွေတွေ့ရှိ ခဲ့ကြပါသည်။ သို့ဖြစ်၍ ထိုသူများ Facebook ကိုအသုံးပြုပြီး လူမျိုးရေးနှင့်  ဘာသာရေး တင်းမာမှုများကို  ထပ်မံလှုံ့ဆော်ခြင်းကို  တားဆီးရန် ဆန္ဒရှိသောကြောင့်  ဤ အကောင့်ပိုင်ရှင် သို့မဟုတ်  အဖွဲ့အစည်းများနှင့်သော်လည်းကောင်း ချိတ်ဆက်ထားသော Facebook မှ Page ၆ ခု ၊ အကောင့် ၆ ခုအပြင် Instagram မှ အကောင့် (၁) ခု တို့ကို ဖြုတ်ချစေရန် ဦးတည်သွားခဲ့ပါသည်။

Facebook ပေါ်ရှိ မစစ်မှန်သော၊ ညှိနှိုင်းထားသော အပြုအမှုများနှင့် ပတ်သက်ပြီး Page ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း ဖယ်ရှားထားပြီး ဖြစ်ပါသည်။ မကြာသေးမီကပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုတွင် မြန်မာ့တပ်မတော်၏ သတင်းများကို တိတ်တဆိတ် တွန်းအားပေးရန် ထိုသူတို့သည်  တစ်သီးတခြား ဖြစ်သော သတင်းနှင့် ထင်မြင်ယူဆချက်ကိုဖော်ပြသည့် Page များအား အပြင်ပန်းအနေဖြင့် အသုံးချနေသည်ကို ကျွန်မတို့တွေ့ရှိခဲ့ပါသည်။ ယခုလိုအပြုအမှုမျိုးသည် Facebook တွင် တားမြစ်ပိတ်ပင် ထားပါသည်။ အကြောင်းမှာ ကျွန်မတို့သည် အသုံးပြုသူများက ကိုယ် ကိုယ်တိုင် ပြုလုပ်ထားသော  ချိတ်ဆက်မှုများအပေါ် ယုံကြည်စိတ်ချနိုင်စေလိုသောကြောင့်ဖြစ်ပါသည်။

ယခုနှစ်အစောပိုင်းက တာဝန်ပေးအပ်ခံခဲ့ရသည့် လူ့အခွင့်အရေးနှင့်ဆိုင်သော  သက်ရောက်မှုနှင့် ပတ်သက်သည့် လွတ်လပ်သော ချင့်ချိန်ဆုံးဖြတ်မှုတို့ မှတဆင့် ကျွန်မတို့သည် မြန်မာနိုင်ငံတွင် Facebook အား အလွဲသုံးစားပြုမှုကို ကာကွယ်ရန် ဆက်လက်လုပ်ကိုင်နေလျက်ရှိပါသည်။ ဤအရာသည် သတင်းအချက်အလက်အတွက် Facebook အပေါ် မှီခိုအားထားသည့် မြန်မာနိုင်ငံမှ  အသုံးပြုသူများက ပေးအပ်ထားသော အလွန်ကြီးမားသည့် တာဝန်ဖြစ်ပါသည်။ မြန်မာနိုင်ငံကဲ့သို့ သတင်းမီဒီယာ အခြေအနေနှင့် မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်း  မြန်ဆန်နေသော အခြားနိုင်ငံများထက်ပင်လျှင်  မြန်မာအသုံးပြုသူများကြာင့် ကျွန်မတို့သည် နောက်နောင်တွင် ပိုမိုကောင်းမွန်စေရန်အတွက်  ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါသည်။



To help personalize content, tailor and measure ads, and provide a safer experience, we use cookies. By clicking or navigating the site, you agree to allow our collection of information on and off Facebook through cookies. Learn more, including about available controls: Cookie Policy