by Clair Deevy, Director of APAC Community Affairs, Facebook
သထင်းထုတ်ပြန်ချက်ခေါင်းစဉ် – မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဒီဂျစ်တယ်ပညာတတ်မြောက်မှု (Digital Literacy) သင်တန်းများနှင့် အရင်းအမြစ်သစ်များ ဖော်ဆောင်ရန် Facebook နှင့် မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (Myanmar Book Aid and Preservation Foundation) တို့ ပူးပေါင်းဆောင်ရွက်
ကျွနု်ပ်တို့ လူမှုအသိုင်းအဝိုင်း၏လုံခြုံရေးကို ကျွနု်ပ်တို့အလွန်အလေးထားပြီး သုံးစွဲသူများ၏ လုံခြုံရေးအတွက် ဆောင်ရွက်ရာတွင် သုံးစွဲသူအချင်းချင်း အွန်လိုင်းတွင် အဓိပ္ပါယ်ရှိသည့် ပြောဆိုဆက်ဆံမှုများ ပြုလုပ်နိုင်စေရန် အထောက်အကူဖြစ်နိုင်မည့် အရင်းအမြစ်များကို ပေးစွမ်းခြင်းသည် အရေးပါသည့်ကဏ္ဍမှ ပါဝင်ပါသည်။ အင်တာနက်နှင့် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ် အသုံးပြုနေသူ အများအပြားရှိသော မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင် ဤလုပ်ဆောင်မှုသည် အမှန်ကန်ဆုံးဖြစ်ပါသည်။
လွန်ခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ကျွနု်ပ်တို့၏ ဝန်ဆောင်မှုများ၌ တွေ့ရသည့် အဆိုးများကိုဖယ်ရှားပြီး အကောင်းများကို ပိုမိုမြှင့်တင်ရန်အတွက် လူအင်အား၊ နည်းပညာနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင် ကျွနု်ပ်တို့ များစွာရင်းနှီးမြှုတ်နှံခဲ့ပါသည်။ မြန်မာနိုင်ငံကဲ့သို့ အွန်လိုင်းသုံးစွဲသူ လျင်မြန်စွာများပြားလာသည့် နိုင်ငံမျိုးတွင် ဒီဂျစ်တယ်နှင့် မီဒီယာပညာ တတ်မြောက်မှုအတွက် ရည်ရွယ်သည့် အရင်းအမြစ်များကို တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ခြင်းသည် ဤလုပ်ဆောင်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်။
မြန်မာစာပေပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့ (Myanmar Book Aid and Preservation Foundation) ဖြင့် ပူးပေါင်းကာ ၎င်းတို့၏ လက်ရှိဒီဂျစ်တယ်တတ်မြောက်မှု သင်ရိုးကို ပိုမိုကောင်းမွန်ရန် ပြုပြင်သည့်အပြင် ၎င်းတို့၏ ပြည်တွင်းရှိ စာကြည့်တိုက်များနှင့် လူမှုအခြေပြုဗဟိုဌာနများ ကွန်ရက်မှတဆင့် သင်တန်းပို့ချရန်အတွက်လည်း ကူညီပံ့ပိုးပေးရန်အတွက် မိတ်ဖက်ဆောင်ရွက်မှုအသစ်ကို ယနေ့ ကြေညာအပ်ပါသည်။ University of Washington နှင့် MBAPF တို့ ပူးပေါင်းကာ မြန်မာနိုင်ငံအတွက် စတင်ရေးဆွဲပေးခဲ့သည့် Mobile Information Literacy (MIL) သင်ရိုးတွင် သင်ရိုးယူနစ် (၇) ခု ပါဝင်ပြီး အင်တာနက်နှင့် ပတ်သတ်သည့် အခြေခံအချက်များ အဓိကပါဝင်ပါသည်။ ၎င်းတို့မှာ အွန်လိုင်းတွင်ရှာဖွေနည်း၊ email၊ presentation များနှင့် အွန်လိုင်းတွင် အလုပ်လုပ်နည်းစသည်တို့ ဖြစ်ပါသည်။
ယခုနောက်ဆုံးသင်ရိုးတွင် Facebook မှပံ့ပိုးမည့် ၁) Facebook အား လုံခြုံစွာသုံးစွဲတတ်ရန် အကြံပြုချက်များ၊ ၂) ဆန်းစစ်ဝေဖန်တွေးခေါ်တတ်ခြင်းနှင့် သူတစ်ပါးအား စာနာတတ်ခြင်း၊ ၃) သတင်းအမှားများကို ခွဲခြားသိခြင်း စသည်တို့ဖြစ်ပါသည်။
“ကျွန်တော်တို့ရဲ့ လူမှုအခြေပြုဗဟိုဌာနတွေမှာ ဒီဂျစ်တယ်ပညာတတ်မြောက်မှုနဲ့ ပတ်သတ်တဲ့သင်တန်းတွေ ပို့ချဖို့အတွက် အခုလို Facebook နဲ့အတူ ပူးပေါင်းလုပ်ကိုင်ရတဲ့တွက် စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ ကျွနု်ပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေ ၂၁ ရာစုမှာ ပိုမိုအသိပညာကြွယ်ဝတဲ့ ဒီဂျစ်တယ်လူသားတွေ ဖြစ်လာဖို့အတွက် အထောက်အကူပြုမယ့် ဒီအစီအစဉ်ဟာ တကယ်အရေးပါပါတယ်။” ဟု MBAPF ၏ Executive Director ဖြစ်သူ ဒေါက်တာသန့်သော်ကောင်း မှ ပြောကြားခဲ့ပါသည်။
ဤအစီအစဉ်မှတဆင့် MBAPF သည် ရန်ကုန်၊ မန္တလေးအပြင် ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ ၎င်းတို့၏ စာကြည့်တိုက်များနှင့် လူမှုအခြေပြုဗဟိုဌာနများကွန်ရက်ရှိ လူဦးရေပေါင်း ၄၀၀၀ ကို သင်တန်းပို့ချမည်ဖြစ်ပါသည်။
အွန်လိုင်းကိုသုံးစွဲပြီး သူငယ်ချင်းမိတ်ဆွေများ၊ မိသားစုများနှင့် အခြားလူမှု အသိုင်းအဝိုင်းများနှင့် ချိတ်ဆက်ဆက်သွယ်သူ ပိုမိုများပြားလာသည်နှင့်အမျှ ဒီဂျစ်တယ်ပညာတတ်မြောက်မှုသည်လည်း ယခင်ထက် ပိုမိုအရေးပါလာပါသည်။ ယခုကဲ့သို့ ဆက်သွယ်မှုအတိုင်းအတာ မြင့်မားလာခြင်းကြောင့် လုပ်ပိုင်ခွင့် ပိုမိုရရှိလာပြီး ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာသော်လည်း ၎င်းနှင့်အတူ စိန်ခေါ်မှုများအသစ်များလည်း ပေါ်ထွက်လာပါသည်။ ကျွနု်ပ်တို့သည် တာဝန်ခံမှု တာဝန်ယူမှုရှိသော ဒီဂျစ်တယ်နိုင်ငံသားများ ပေါ်ထွက်လာစေရေးတွက် အဓိကထား အာရုံစိုက်သင့်သော ကျွမ်းကျင်မှုများနှင့် ပတ်သက်၍ ကျွန်ုပ်တို့ စဉ်းစားရန်လိုအပ်ပါသည် – ဆန်းစစ်ဝေဖန်တွေးခေါ်တတ်ခြင်း၊ သူတစ်ပါးအား စာနာတတ်ခြင်းနှင့် အွန်လိုင်းပေါ်တွင် ထုတ်ဖေါ်ရေးသားပြောဆိုခြင်း စသည်တို့ဖြစ်ပါသည်။
၎င်းနှင့်ပတ်သက်ပြီး Digital Literacy Library ကို မြန်မာဘာသာစကားအပါအဝင် နိုင်ငံတကာ ဘာသာစကား ၄၅ မျိုးဖြင့် လွန်ခဲ့သည့်နှစ်က ကျွနု်ပ်တို့ထုတ်ဝေခဲ့ပါသည်။ ထို့အပြင် Safety Centre ၊ Parent’s Portal နှင့် Youth Portal တို့သည်လည်း မြန်မာဘာသာစကားဖြင့် ဖတ်ရှုနိုင်သည့်အပြင် ၎င်းအကြောင်းအရာများနှင့် ပတ်သတ်ပြီး ပြည်တွင်းနှင့်သက်ဆိုင်သည့် အရင်းအမြစ်များကို ဖော်ဆောင်ရန် ကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံရှိ ကျွနု်ပ်တို့၏မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။